မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 81 ကိုယ်တော်မြတ်ကိုသာယုံကြည်ပါကျူး
1
ပြစ်နှိပ်စက်ခြင်းခံသူတိုင်းလာ၊ ကိုယ်တော်ကရုဏာရှိ။
မိန့်တော်မြတ်ကိုယုံကြည်မှသာ၊ ငြိမ်ခြင်းအမှန်ရရှိ။
2
ကိုယ်တော်မြတ်ကိုသာယုံကြည်ပါ၊ ယခုယုံကြည်ပါ။
သင့်အပြစ်မှကယ်ချွတ်မူမည်၊ ယခုကယ်ချွတ်မည်။
3
အပြစ်မှကယ်နုတ်မူလိုပေ၊ သွေးတော်မြတ်သွန်းမူပြီ။
မိုးပွင့်ကဲ့သို့ဖြူအောင်ဆေးလေ၊
သွေးတော်၌နစ်မြပ်ပြီ။
4
ယေရှုသမ္မာတရားလမ်းပေ၊ ငြိမ်သက်ခြင်းသို့ပို့ဆောင်။
ကိုယ်တော်ကိုယုံကြည်ဆိုင်းမနေ၊ သင်မင်္ဂလာရှိအောင်။
5
ဝင်ပါသန့်ရှင်းသူစည်းဝေးရာ၊ ချီတက်ဘုန်းတော်ခံရန်။
ဝမ်းမြောက်ခြင်းအစဉ်ပြည့်စုံရာ၊
ကောင်းကင်အိမ်တွင်နေရန်။
