မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 8 နေမြဲနေတော်မူပါကျူး
1
ညဉ့်ဦးအချိန်ရှိပြီမိုးလည်းချုပ်သည်၊
ကိုယ်တော်အပြင်မစနိုင်သူမရှိ။ အကျိုးနည်းသူကိုထောက်ပံ့အံ့သောငှါ၊
အကျွန်ုပ်နှင့်အတူနေပါဘုရား။
2
အဆုံးတိုင်အောင်အသက်တာယုတ်လျော့သည်၊
မြေကြီးစံစားရာမွဲဘုန်းလဲစဲပြီ။
ဤလောက၌အနိစ္စသာထင်ရှား၊ အမြဲတည်ရှင်ကြွလာနေတော်မူပါ။
3
အစဉ်ကိုယ်တော်ကိုဖူးတွေ့လိုသတည်း၊
မာရ်နတ်တန်ခိုးဘယ်သူချိုးနိုင်သနည်း။
ကိုယ်တော်မြတ်သာလျှင်တတ်နိုင်တော်မူရာ၊
သြကျေးဇူးရှင်နေမြဲနေတော်မူပါ။
4
ကောင်းကျိုးပေးရန်အနားမှာနေမူလျှင်၊
ဘေးများအတွက်မစိုးရိမ်ပါအရှင်။ သေမင်းလက်နက်အဘယ်မှာရှိသနည်း၊
တန်ခိုးတော်အားဖြင့်ကျွန်ုပ်အောင်လိမ့်တည်း။
