Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 53 ယေရှုအံ့ဖွယ်မေတ္တာတော်ကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 53 ယေရှုအံ့ဖွယ်မေတ္တာတော်ကျူး

 

1
ယေရှုအံ့ဖွယ်မေတ္တာတော်၊ ပြစ်ရှိကျွန်ုပ်ကိုရှာ၊
ခြံသို့ပို့ဆောင်ကျေးဇူးတော်၊ တုမဲ့ကရုဏာထား၊
သမုဒ္ဒရာထက်နက်ပေ၊ ကောင်းကင်ဘုံထက်မြင့်လေ။
ထိုမေတ္တာတော်မြတ်ကြောင်းကို၊ ကျွန်ုပ်သီချင်းကျူးဆို။

2
ယေရှုအံ့ဖွယ်မေတ္တာတော်၊ တစ်နှစ်ထက်တစ်နှစ်တိုးသိ၊
နက်နဲကျယ်ဝန်းမြင့်သောအံ့ဖွယ်မေတ္တာတော်သည်၊
ကြားလေတိုးနာလည်ရ၏။

3
ရှေးခါယုဒပြည်တစ်ဝိုက်၊ ကိုယ်တော်သွားလာနေခိုက်၊
ကယ်ဆယ်ကျေးဇူးသိလိုငှါ၊ နောက်တော်လူတို့လိုက်ရှာ၊
ကြေကွဲနှလုံးချမ်းသာပေး၊ ကန်းသူများကိုမြင်စေ။
မြင့်မြတ်လှမဟာမေတ္တာ၊ ကျွန်ုပ်ကိုပင်လိုက်ရှာ။

4
ကပ်တိုင်တော်၌ဝေဒနာ၊ ကျွန်ုပ်တို့တွက်ရှုံးလေ၊
ညည်းသံမပြဘဲခံရှာ၊ ထိုမေတ္တာတော်မြတ်ပေ၊
သန့်ရှင်းသူတို့နှင့်မသဝေ၊ အသံလွှင့်ချီးမြှောက်လေ။
ကယ်တင်ရှင်အားချီးမွမ်းသံ၊ ကောင်ကင်ဘဝဂ်လုံးလျှံ။

Exit mobile version