Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 5 ယေရှုနာမတော်ချိုသာလိုကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 5 ယေရှုနာမတော်ချိုသာလိုကျူး

 

1
ယေရှုနာမတော်ချိုသာလှ၊ ထောမနာသီချင်းကျူးအေးမည်။
ကျွန်ုပ်ဝမ်းမြောက်ခြင်းပြည့်စုံရ၊
ဖိုးထိုက်နာမတော်မြတ်တည်း။

2
ယေရှုနာမချိုသာလှ၊ ယေရှုပြောင်းလဲခြင်းမရှိ။
သန့်ရှင်းသူများကြွေးကြော်ကြ၊ ထာဝစဉ်ချီးကျူးထိုက်ပေ။

3
ခပ်သိမ်းသောငါ့ဝမ်းနည်းခြင်းများ၊
သိရှိတော်မူ၍ဝေးပယ်ရှား။ ထိုကြောင့်ကိုယ်တော်ကိုချစ်မြတ်နိုး၊
ယေရှုနာမငါအားကိုး။

4
ထိုနာမမြတ်ကိုစဉ်ကြားလို၊ ထောမနာပြခြင်းဖြင့်သီဆို။
ကျဆင်းသောမျက်ရည်ခြောက်စေရ၊ ယေရှုနာမချီးမြှောက်ကြ။

5
နာမတော်မည်မျှမြတ်နိုးဖွယ်၊ လူနှုတ်ဖြင့်ဖော်ထုတ်ရန်မလွယ်။
တိုးတက်ချီးမွမ်းလျက်ရှိကြစေ၊ နာမတော်ကိုချီးကျူးလေ။

Exit mobile version