မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 49 မင်္ဂလာမိုးသွန်းလောင်းရွာမည်ကျူး
1
မင်္ဂလာမိုးသွန်းလောင်းရွာမည်၊ မေတ္တာတော်၏ကတိတည်း။
အားဖြည့်သောချိန်ရောက်ရလိမ့်မည်၊
ထက်ကယ်တင်ရှင်ထံမှတည်း။
2
ကောင်းချီးမိုးရွာစေ၊ ကောင်းချီးမိုးရွာခြင်းလိုပေ။
ကရုဏာမိုးပေါက်ကျနေပေ၊ သို့သော်မိုးရွာခြင်းလိုသေး။
3
မင်္ဂလာမိုးသွန်းလောင်းရွာမည်၊ တောင်ချိုင့်များမှသံကြားသည်။
တစ်ဖန်အားဖြည့်စေတော်မူမည်၊ များစွာမိုးရွာသွန်းလောင်းတည်း။
4
မင်္ဂလာမိုးသွန်းလောင်းရွာစေ၊ ကျွန်ုပ်ပေါ်တွင်ကြွယ်ဝစေ။
အားဖြည့်ခြင်းကိုမစမူလေ၊ နှုတ်ကပတ်တော်ချီးမြှင့်ပေ။
5
မင်္ဂလာမိုးသွန်းလောင်းရွာမည်၊ ယနေ့ပင်သွန်းလောင်းရွာစေ။
အပြစ်များကိုဖော်ပြပေသည်၊ ယေရှုထံဆုတောင်းကြလေ။
