Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 47 မေတ္တာတော်မြတ်ကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 47 မေတ္တာတော်မြတ်ကျူး

 

1
မေတ္တာတော်မြတ်သာလွန်မေတ္တာ၊ ကောင်းကင်မှမြေသို့ကြွလာ။
အကျွန်ုပ်တို့နေအိမ်ကုပ်မှာ၊ ကရုဏာတော်ကိန်းအောင်းပါ။
ယေရှုကိုယ်တော်ကြွယ်ဝမေတ္တာ၊ အနန္တမေတ္တာရှင်မှာ။
ကယ်တင်ခြင်းနှင့်ကြွလာမူရှာ၊ တုန်လှုပ်စိတ်ထဲစံမူပါ။

2
ကိုယ်တော်ချစ်ခြင်းဝိညာဉ်သွန်းလေ၊
သောကပူပန်စိတ်တို့တွင်။ ကျေးဇူးတော်များအမွေခံစေ၊
ကတိတော်ချမ်းသာနားဝင်။ ဒုစရိုက်အလိုများပယ်ရှား၊
အာလဖနှင့်သြမ္ခေ။ စိတ်လွတ်ခြင်းအခွင့်ပေးသနား၊
ယုံခြင်းအဆုံးနှင့်အစ။

3
ကယ်ချွတ်ရန်စွမ်းကြီးသောအရှင်၊ ကျွန်ုပ်တို့ကျေးဇူးခံစေ။
လျင်မြန်ဆင်းလျက်ကျွန်ုပ်ထဲတွင်၊
ဗိမာန်ကိုစွန့်ပယ်နှင့်လေ။ ကိုယ်တော်ကိုအစဉ်ချီးမွမ်းလို၊
ကောင်းကင်ဗိုလ်ခြေတူစွာလေ။ ဆုတောင်းနေလျက်မေတ္တာတော်ကို၊
ချီးမြှောက်ရန်မပြတ်လိုပေ။

4
အသစ်ဖန်ဆင်းပြီးစေမူလို၊ ကျွန်ုပ်တို့သန့်ရှင်းစုံလင်။
ကိုယ်တော်ကယ်တင်ခြင်းတရားကို၊ ပြည့်စုံတည်ကြည်ခြင်းမြင်ချင်။
ကောင်းကင်ဘုံသို့ရောက်သည်တိုင်အောင်၊
ဘုန်းတော်မှဘုန်းတော်ဝင်မှာ။ သရဖူများရှေ့တော်ပို့ဆောင်၊
အံ့သြချီးမွမ်းကြပေမည်။

Exit mobile version