Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 256 မင်္ဂလာများလိုရှိသလားကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 256 မင်္ဂလာများလိုရှိသလားကျူး

 

1
မင်္ဂလာများလိုရှိသလား၊ ရက်ရောစွာလှူပါ၊
မှုတော်ကြီးပွားစေလိုသလား၊ ရက်ရောစွာလှူပါ၊
မေတ္တာဓာတ်နှင့်ပြည့်ဝစေ၊ ရက်ရောစွာလှူဒါန်းပါလေ၊
မိန့်တော်တိုင်းလျှောက်လိုက်လိုမူ၊
ရက်ရောစွာလှူပါ။

2
ဝမ်းမြောက်လိုတူစိတ်သဘောဖြူ၊ ရက်ရောစွာလှူပါ၊
နှင်းပေါက်ပမာစက်ကျလိုမူ၊ ရက်ရောစွာလှူပါ၊
ကိုယ်တော်ရှေ့၌မြတ်လှပေ၊ တတ်နိုင်သမျှလှူပါလေ၊
လှူသမျှကျေးဇူးဆပ်မှာ၊ ရက်ရောစွာလှူပါ။

3
သတင်းကောင်းကိုပြန့်ကြဲစေဖို့၊ ရက်ရောစွာလှူပါ၊
ရောင်ခြည်တော်ကိုမြန်စွာလင်းဖို့၊
ရက်ရောစွာလှူပါ၊ ရိတ်သိမ်းချိန်ရောက်လာသောခါ၊
ဆုလာဘ်အများလိုရှိမှာ၊ မိန့်တော်မူသမျှနာကာ၊
ရက်ရောစွာလှူပါ။

Exit mobile version