မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 247 စစ်တိုက်သံကြွေးကြော်ကျူး
1
စစ်တိုက်သံကြွေးကြော်၊ ရန်သူနီးကြည့်လေ၊
မြင့်မားစွာမြှောက်ကိုင်အလံတော်၊
စစ်တန်ဆာဝတ်စေ၊ ရဲရင့်စွာရပ်လော့၊
နှုတ်ကပတ်တော်မြတ်ယုံလျက်တိုက်လော့။
2
ထလော့စစ်သည်၊ အလံတော်ကိုဝိုင်းလော့၊
အသင့်ရှိလော့၊ လူတိုင်းအားပြောပါ၊
ရှေ့သို့တိုးလျက်ဟောရှဏ္ဏကြွေးကြော်လော့၊
ယေရှုရှင်စစ်ဗိုလ်ချုပ်ကြီးဖြစ်ပါ။
3
ရန်သူကိုတွေ့ဖို့၊ ရှေ့သို့တိုးတက်စို့၊
ကျွန်ုပ်တို့အမှုအောင်မြင်မည်၊ ဒိုင်းလွှားအောင်လံချီ၊
အလင်းတွင်တောက်ပ၊ အမှန်တို့စစ်တိုက်လျှင်စဉ်အောင်ရ။
4
ကောင်းကင်ရှင်ဘုရား၊ နားညောင်းတော်မူပါ၊
ကရုဏာတော်ဖြင့်မစပါ၊ စစ်မှုပြီးသောခါ၊
စစ်ပွဲအောင်သောခါ၊ ရှေ့တော်မှာသရဖူကိုပေးပါ။
