မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 238 ကိုးစားနားထောင်ကျူး
1
ကိုယ်တော်နှင့်တူလျှောက်လျှင်၊ နှုတ်ကပတ်အလင်းတွင်၊
ကျွန်ုပ်တို့လမ်း၌ဘုန်းထွန်းလင်းသည်၊
ကိုယ်တော်အလိုလိုက်ပေ။ ကျွန်ုပ်တို့နှင့်နေမည်၊
ကိုးစားနားထောင်သူများတို့နှင့်ပေ။
2
ကိုးစားနားထောင်၊ အခြားလမ်းမရှိချေ။
ယေရှု၌ပျော်မွေ့လိုလျှင်၊ ကိုးစားနားထောင်ရလေ။
3
တိမ်မှောင်ရိပ်မရှိရာ၊ ဘေးရန်မျိုးမျိုးကင်းကွာ၊
ကိုယ်တော်၏ပြခြင်းဖြင့်ပျောက်လွင့်ရာ၊
ယုံမှားကြောက်ရွံ့ကင်းကွာ၊ ညည်းတွားမျက်ရည်ကင်းစွာ၊
ကျွန်ုပ်တို့ကိုးစားနားထောင်စဉ်ခါ။
4
ကိုယ်တော်မေတ္တာတော်ကို၊ ဘယ်ခါမျှမနှိုင်းဆို၊
ရှိသမျှကိုပလ္လင်တော်ရင်းမှာ၊ ကျေးဇူးများနှင့်ထားခါ၊
ဝမ်းမြောက်ခြင်းကိုပေးစဉ်၊ ကိုးစားနားထောင်သောသူတို့ဖို့ပင်။
5
မိတ်သဟာယဖွဲ့လေ၊ ခြေတော်ရင်း၌ထိုင်နေ၊
ကိုယ်တော်နှင့်တူနံဘေးမှာလျှောက်မည်၊
ခိုင်းရာကိုပြလုပ်မည်၊ စေသောရပ်သို့သွားမည်၊
ကိုးစားနားထောင်လျှင်မကြောက်ရပြီ။
