မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 232 ကပ်တိုင်လမ်းဖြင့်အိမ်ရောက်ကျူး
1
ကပ်တိုင်လမ်းဖြင့်သာအိမ်တော်ပြန်ရောက်နိုင်သည်၊
သည့်ပြင်အခြားလမ်းမရှိ၊ ရွှေမြို့တော်တံခါးရှုမြင်စိမ့်သောငှါ၊
ကပ်တိုင်လမ်းအားဖြင့်သာလျှောက်သွား။
2
ကပ်တိုင်လမ်းဖြင့်အိမ်ရောက်သည်၊ ကပ်တိုင်လမ်းဖြင့်အိမ်ရောက်သည်၊
ကပ်တိုင်လမ်းအကြောင်းသိဖို့ရန်လွန်ကောင်း၊
ကပ်တိုင်လမ်းဖြင့်အိမ်ရောက်သည်။
3
ကယ်တင်ရှင်လျှောက်ရာလမ်းမှာသွေးစက်ရှိသည်၊
ထိုလမ်းကိုပင်လျှောက်ရမည်၊ ထက်ကောင်းကင်ဘုံမှာဝိညာဉ်စံဖို့ရာ၊
ထိုလမ်းကိုမလွှဲဘဲလျှောက်ပါ။
4
အိမ်ပြန်ရန်ကျွန်ုပ်ကိုသခင်ခေါ်သောခါ၊
လောကီလမ်းကိုစွန့်ထွက်လာ၊ ထိုကြောင့်ထိုလမ်းမှာ၊
ခုမလျှောက်လိုပါ၊ ကိုယ်တော်သည်အိမ်ဝမှာစောင့်ရှာ။
