Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 216 ယေရှုကျွန်ပ်အံ့ဖွယ်ကယ်ချွတ်ရှင်ဖြစ်ပေကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 216 ယေရှုကျွန်ပ်အံ့ဖွယ်ကယ်ချွတ်ရှင်ဖြစ်ပေကျူး

 

1
ယေရှုကျွန်ုပ်အံ့ဖွယ်ကယ်ချွတ်ရှင်ဖြစ်ပေ၊
ကျွန်ုပ်အံ့ဖွယ်ကယ်ရှင်ဖြစ်ပေ၊ ကျောက်ဆောင်ကျွန်ုပ်ဝိညာဉ်ကိုဝှက်ထားမူလေ၊
ထိုမှာဝမ်းမြောက်မြစ်များမြင်ပေ။

2
ကျောက်ဆောင်တွင်ကျွန်ုပ်ဝိညာဉ်သိုဝှက်ထားလေ၊
ခြောက်သွေ့မြေကာကွယ်ကျောက်ဆောင်ပေ၊
ကိုယ်တော်မေတ္တာ၌ကျွန်ုပ်သက်ဝှက်ထား၏၊
(လက်တော်ဖြင့်ကျုပ်ကိုကာကွယ်၏၊ )2

3
ယေရှုကျွန်ုပ်အံ့ဖွယ်ကယ်ချွတ်ရှင်ဖြစ်ပေ၊
ကျွန်ုပ်ဝန်ထုပ်ပယ်ရှားပစ်လေ၊ ကျွန်ုပ်ကိုမချီသဖြင့်မရွေ့လျော့ပေ၊
ကျွန်ုပ်ကိုခွန်အားနှင့်ပြည့်စေ။

4
မရေတွက်နိုင်သောကောင်းချီးများသွန်းလောင်းပေ၊
ကိုယ်တော်ပြည့်စုံခြင်းဖြင့်ပြည့်ချေ၊
ကျွန်ုပ်ဝမ်းမြောက်၍ဘုန်းတော်ကိုချီးမွမ်းမှာ၊
ကျွန်ုပ်ကယ်ရှင်မြတ်တွက်ဖြစ်ပါ။

5
ရောင်ခြည်ဆင်မြန်းကျွန်ုပ်ဝမ်းမြောက်စွာရပ်မှာ၊
မိုးတိမ်တွင်ကိုယ်တော်ဖူးတွေ့မှာ၊
ပြည့်စုံသောကယ်တင်ခြင်းနှင့်အံ့ဖွယ်မေတ္တာ၊
သန့်ရှင်းသူတို့နှင့်ကြွေးကြော်မှာ။

Exit mobile version