Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 214 ကျွန်ုပ်ခိုလှုံအရှင်ကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 214 ကျွန်ုပ်ခိုလှုံအရှင်ကျူး

 

1
ကျွန်ုပ်ခိုလှုံအရှင်၊ ကယ်တင်ပိုင်သောသခင်၊
သနားတော်မူ၊ ကျွန်ုပ်၏ပတ္ထနာ၊ အသံနားညောင်းမူပါ၊
အပြစ်လွှတ်အံ့သောငှာ၊ ကယ်ချွတ်တော်မူ။

2
ကျွန်ုပ်အားနည်းစိတ်အား၊ မေတ္တာကြွယ်ဝသနား၊
ဝိညာဉ်တိုးပွား၊ ကိုယ်တော်သေခံသည်တွက်၊
ကျွန်ုပ်မေတ္တာဆက်ကပ်၊ သန့်ရှင်းပြောင်းလဲကင်းကွာ၊
မီးသို့တောက်ရာ။

3
ဤလူ့ဘုံတွင်နေစဉ်၊ ဆင်းရဲတွေ့ကြုံရလျှင်၊
ကယ်မတော်မူ၊ မှောင်မိုက်ခြင်းလင်းစေပါ၊
ပူပန်ခြင်းကင်းစေပါ၊ ကိုယ်တော်နှင့်လျှင်းမကွာ၊
စောင့်ထိန်းတော်မူ။

Exit mobile version