Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 213 ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်ကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 213 ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်ကျူး

 

1
ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်၊ ဘယ်တောင့်တရန်ရှိသနည်း၊
ငါ့ကိုလမ်းပြတော်မူရှင်အား၊ ယုံမှားခြင်းရှိရမည်လား၊
ဤဘဝအသက်ရှင်သည်တွင်၊ စုံစမ်းခြင်းမျိုးမျိုးတို့ပင်၊
ဖိစီးနှိပ်စက်လာသောအခါ၊ ကိုယ်တော်စီရင်တိုင်းဖြစ်ပါ၊
ဖိစီးနှိပ်စက်လာသောအခါ၊ ကိုယ်တော်စီရင်တိုင်းဖြစ်ပါ။

2
ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်၊ ထောက်မအားပေးလျက်နှင့်ပင်၊
စုံစမ်းခြင်းကိုခံနိုင်ဖို့ရာ၊ ကျွေးတော်မူအသက်မုန့်မှာ၊
ခွန်အားပြည့်လျက်မောပန်းခြင်းကင်း၊
သောက်လျက်နေသက်စမ်းရေတွင်း၊ ပလ္လင်တော်ရှေ့မှထွက်စီးလေ၊
ဝမ်းမြောက်ခြင်းစမ်းရေမြင်ပေ၊ ပလ္လင်တော်ရှေ့မှထွက်စီးလေ၊
ဝမ်းမြောက်ခြင်းစမ်းရေမြင်ပေ။

3
ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်၊ ကိုယ်တော်ချစ်ခြင်းအံ့ဖွယ်တည်း၊
ထက်အဖအိမ်တော်တွင်ငြိမ်းစွာ၊ နေစိမ့်ငှာကတိတော်ထား၊
ထာဝရရှင်ခြင်းသို့နိုးလျက်၊ ထွန်းတောက်ကောင်းကင်သို့ပျံတက်၊
ထိုအခါစဉ်သီချင်းဆိုမည်၊ ယေရှုငါ့ကိုလမ်းပြပြီ၊
ထိုအခါစဉ်သီချင်းဆိုမည်၊ ယေရှုငါ့ကိုလမ်းပြပြီ။

Exit mobile version