မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 207 ကောင်းချီးဆုတောင်းချိန်ကျူး
1
အိုကောင်းချီးဆုတောင်းအချိန်ကျွန်ုပ်တို့စိတ်နှိမ့်ချ၊
မိတ်ဆွေကယ်တင်ရှင်ယေရှုထံသို့စည်းဝေးကြ၊
ကျွန်ုပ်တို့ကိုယ်တော်ယုံကြည်အားကိုးလျက်လာကြလျှင်၊
မောပန်းသူတို့အားပေးရန်၊ ဘယ်လောက်သာယာပျော်ရွှင်။
2
ကောင်းချီးဆုတောင်းချိန်၊ ကောင်းချီးဆုတောင်းချိန်၊
မောပန်းသူတို့အားပေးရန်၊ ဘယ်လောက်သာယာပျော်ရွှင်။
3
အိုကောင်းချီးဆုတောင်းအချိန်ကယ်တင်ရှင်ချဉ်းကပ်ပါ၊
ချစ်သားတို့ကိုကြင်နာစွာနားထောင်တော်မူရှာ၊
ခြေတော်ရင်းဝန်များချနိုင်ကိုယ်တော်မိန့်တော်မူထား၊
မောပန်းသူတို့အားပေးရန်၊ ဘယ်လောက်သာယာပျော်ရွှင်။
4
အိုကောင်းချီးဆုတောင်းအချိန်စုံစမ်းခြင်းကိုခံရ၊
သနားသောကယ်တင်ရှင်အားဝမ်းနည်းခြင်းဖော်ပြ၊
ကိုယ်တော်သည်ပူပန်ခြင်းများကြင်နာခြင်းနှင့်ပယ်ရှား၊
မောပန်းသူတို့အားပေးရန်၊ ဘယ်လောက်သာယာပျော်ရွှင်။
5
အိုကောင်းချီးဆုတောင်းအချိန်လိုသောမင်္ဂလာများ၊
အမှန်ရမည်ဟုကိုယ်တော်ကိုယုံကြည်ကိုးစား၊
ထိုသို့အားဖြင့်စိုးရိမ်ခြင်းအပေါင်းတို့ကွယ်ပျောက်သွား၊
မောပန်းသူတို့အားပေးရန်၊ ဘယ်လောက်သာယာပျော်ရွှင်။