မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 204 ငြိမ်သက်နားရာတစ်ခုရှိပါကျူး
1
ငြိမ်သက်နားရာတစ်ခုရှိပါ၊ ကိုယ်တော်နှလုံးနားမှာ၊
အပြစ်မနှောင့်ယှက်သောနေရာ၊ ကိုယ်တော်နှလုံးနားမှာ။
2
အိုယေရှုကယ်ချွတ်ရှင်မှာ၊ ဘုရားနှလုံးမှလာ၊
ကျွန်ုပ်တို့အားပိုင်မူပါ၊ ကိုယ်တော်နှလုံးနားမှာ။
3
နှစ်သိမ့်နေရာတစ်ခုရှိပါ၊ ကိုယ်တော်နှလုံးနားမှာ၊
ကယ်ချွတ်ရှင်နှင့်တွေ့သောနေရာ၊ ကိုယ်တော်နှလုံးနားမှာ။
4
လွတ်ငြိမ်းနေရာတစ်ခုရှိပါ၊ ကိုယ်တော်နှလုံးနားမှာ၊
ဝမ်းမြောက်ငြိမ်သက်ခြင်းရှိနေရာ၊
ကိုယ်တော်နှလုံးနားမှာ။
