Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 2 ဘုရားဇိအုန်၌စံစားကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 2 ဘုရားဇိအုန်၌စံစားကျူး

 

1
ဘုရားဇိအုန်၌စံစား၊ မြေကြီးဝမ်းမြောက်ကြချေ။
ကျေးဇူးပလ္လင်တော်ရှေ့ခစား။ စိတ်ပါလျက်ကျူးအေးလေ၊
ဘုရားဇိအုန်၌စံစား။ ချီးမွမ်းမည်ထိုအရပ်၊
ကိုယ်တော်အား မင်းအပေါင်းညွတ်တွား။
ဘုရင်တို့ဘုန်းဆက်ကပ်။

2
ဇိအုန်၌စိုးစံဘုရား။ ဘယ်သူမျှတုမနိုင်။
နက်နဲမြေကြီးလက်တော်၌ထား။ စွမ်းကြီးပင်လယ်စိုးပိုင်၊
နာမတော်သိဒ္ဓိတင်ကုန်၊ အလံတော်ကိုထူလေ၊
ပင်လယ်၌ရှိကျွန်းအလုံးစုံ၊ ကယ်တင်တန်ခိုးသိစေ။

3
ဘုရားဇိအုန်၌စံပေ၊ ဤချိန်ကိုယ်တော်ဆိုင်လေ။
အို၊ ဗိမာန်တော်တံခါးသို့ဝင်၊ ကျူးအေးကြဝင်းတော်တွင်၊
အလံတော်မြတ်၏အောက်မှာ၊ သတ္တဝါပေါင်းဒူးထောက်၊
မြေမိုးဘုရင်စိုးညွတ်တွားရာ။ ဘုရင်တကာတင်မြှောက်။

Exit mobile version