မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 196 ယေရှုခြေရင်းထိုင်နေစဉ်ခါကျူး
1
ယေရှုခြေရင်းထိုင်နေစဉ်ခါ၊ ဘယ်လိုစကားကြားသည်မှာ၊
ဝမ်းမြောက်ဖိုးထိုက်သောထိုနေရာ၊
နေ့စဉ်ကျွန်ုပ်တွေ့စေပါ၊ ယေရှုခြေရင်း၌ထိုင်စဉ်မှာ၊
ရှေးအကြောင်းကျွန်ုပ်ကြည့်သည်၊ မေတ္တာတော်သည်ကျေးဇူးပြရှာ၊
စိတ်ကိုဆုံး၌အောင်သတည်း။
2
ယေရှုခြေရင်းထိုင်နေစဉ်ခါ၊ သေသောသူမင်္ဂလာရ၊
အပြစ်ဝမ်းနည်းခြေတော်ရင်းမှာ၊ ပန်းသောခါနားဖို့တွေ့ရ၊
ယေရှုခြေရင်း၌ထိုင်စဉ်တွင်၊ ထိုမှာငို၍ဆုတောင်းချင်၊
ကိုယ်တော်၌ရှိမေတ္တာတော်သည်၊ ကျေးဇူးသာယာစဉ်ရမည်။
3
အိုကျွန်ုပ်ကိုကောင်းချီးပေးပါ၊ ခြေရင်းတော်၌စောင့်နေစဉ်၊
မေတ္တာတော်နှင့်ငုံ့၍ကြည့်ပါ၊ ချိုသောမျက်နှာမြင်လှချင်၊
ယေရှုသဘောမျိုးပေးပါရှင်၊ သန့်ရှင်းနည်းတူပြပေးပါ၊
ကျွန်ုပ်ဖြောင့်မတ်ခြင်းကိုယ်တော်တွင်၊
ရှိကြောင်းကျွန်ုပ်သိစေပါ။
