မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 190 ဘေးမဲ့ယေရှုရင်ခွင်ထက်ကျူး
1
ဘေးမဲ့ယေရှုရင်ခွင်ထက်၊ ရွှေလက်တော်ပိုက်ပွေ့ရာ၊
မေတ္တာတော်ရိပ်ခိုကိုးလျက်၊ ကျွန်ုပ်ဝိညာဉ်ချမ်းသာ၊
နားထောင်ကောင်းကင်သားကျူးသံ၊ ဘုန်းထွန်းသောဘုံတော်တွင်၊
ဖန်ရေကန်တော်ကိုကျော်ကာ၊ နားစွင့်ရာသို့ရောက်လာ။
2
ဘေးမဲ့ယေရှုရင်ခွင်ထက်၊ ရွှေလက်တော်ပိုက်ပွေ့ရာ၊
မေတ္တာတော်ရိပ်ခိုကိုးလျက်၊ ကျွန်ုပ်ဝိညာဉ်ချမ်းသာ။
3
ဘေးမဲ့ယေရှုရင်ခွင်မှ၊ သောကပူခြင်းငြိမ်းပေ၊
ဒုစရိုက်သွေးဆောင်ခြင်းမှ၊ ကင်းရှင်းလုံခြံစွာနေ၊
ဒုက္ခဆင်းရဲသံဝေဂ၊ ကျွတ်လွတ်ကုန်ဆုံးလုပြီ၊
လောကီဘုံမှမျက်ရည်ကျ၊ နည်းစွာသာကျန်သေးသည်။
4
ကျွန်ုပ်အတွက်ယေရှုရှင်၊ မြတ်သောအသက်စွန့်ပြီ၊
မြဲစွာတည်သောကျောက်တော်တွင်၊ ခိုလှုံမှီဝဲပါမည်၊
ညဉ့်ချိန်မလွန်မသွားအောင်၊ သည်းခံလျက်စောင့်ပါစေ၊
အရုဏ်မတက်မီတိုင်အောင်၊ တသမြော်လင့်ပါလေ။
