Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 183 ကိုယ်တော်ကိုသာချစ်သည်ကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 183 ကိုယ်တော်ကိုသာချစ်သည်ကျူး

 

1
လောကီစည်းစိမ်မျိုးမျိုးတို့ထက်၊
ကိုယ်တော်ကိုသာချစ်သည်၊ မပျက်စီးနိုင်ငြိမ်သက်ခြင်းတွက်၊
ပေးတော်မူသောကြောင့်တည်း။

2
ချစ်ခြင်းမေတ္တာတော်ကြောင်းစကား၊
တစ်ဝက်ကိုမျှမမီ၊ ဆေးကြောတော်မူကြောင်းပြောသော်ငြား၊
တစ်ဝက်ကိုမျှမရှိ။

3
လောကီမိတ်ဆွေအပေါင်းတို့ထက်၊ ကိုယ်တော်သာ၍နီးချေ၊
ကိုယ်တော်ကိုချိုသောသီချင်းထက်၊
အောက်မေ့ခြင်းသာချိုပေ။

4
အကျွန်ုပ်အားဝမ်းမြောက်စေပြီ၊ ထိုကြောင့်မြဲဝမ်းသာသည်၊
ချစ်ခြင်းမေတ္တာတော်မရှိလျှင်၊ အမှန်စိတ်ပျက်လိမ့်မည်။

Exit mobile version