Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 182 ကိုယ်တော်ကိုချစ်နိုင်မည်ကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 182 ကိုယ်တော်ကိုချစ်နိုင်မည်ကျူး

 

1
ကိုယ်တော်ကိုချစ်နိုင်မည်၊ ခရစ်တော်ရှင်၊
စိတ်ပါလျက်နှင့်တောင်းသည်၊ နားညောင်းသခင်၊
ဤပတ္ထနာမပြတ်၊ အစဉ်လျှောက်မည်ရှင်မြတ်၊
ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။

2
လောကီပျော်မွေ့ခြင်းသာ၊ အထက်လိုလေ၊
ခန္ဓာအကျိုးကိုရှာ၊ ဝိညာဉ်ကိုမေ့၊
ယခုထိုသို့မဟုတ်၊ အပြစ်ရွံရှာစက်ဆုပ်၊
ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။

3
ဒုက္ခခံစေလျှင်လည်း၊ မညည်းမတွား၊
အလိုတော်နှင့်အညီ၊ ဖြစ်စေမြတ်စွာ၊
ထိုဒုက္ခအားဖြင့်လည်း၊ အကျိုးတိုးပွားနိုင်မည်၊
ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။

4
ထိုသို့ပြပြင်မူလျှင်၊ မြတ်စွာဘုရား၊
နောက်ဆုံးရှုလျက်သက်ညင်း၊ ဝမ်းမြောက်အားရ၊
သက်ချုပ်နေစဉ်တွင်ပင်၊ ဆုတောင်းဦးမည်ပျော်ရွှင်၊
ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။

Exit mobile version