မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 180 သခင်နှင့်ငါကျူး
1
ငါ၌ဖိုးထိုက်မိတ်ဆွေရှိ၊ များစွာချစ်သောမိတ်ဆွေ၊
ကိုယ်တော်ကျွန်ုပ်အားချစ်ပါဘိသစ္စာနှင့်ချစ်မူလေ၊
သူနှင့်ခွဲခွာမနေနိုင်ပြီ၊ အနီးတွင်ရှိစေချင်၊
ထို့ကြောင့်အတူနေကြသည်၊ သခင်နှင့်ငါ။
2
ကျွန်ုပ်မောပန်းနွမ်းတတ်သည်၊ အားနည်းကြောင်းသူသိပါ၊
ကိုယ်တော်ကိုအားထားရန်ခိုင်းသည်ကူမခြင်းကိုငါရှာ၊
အလင်းလမ်းသို့ငါ့ကိုပို့ဆောင်၊ မိုးအောက်နေရောင်ခြည်တွင်၊
ထို့ကြောင့်အတူနေကြသည်၊ သခင်နှင့်ငါ။
3
ဝမ်းနည်းခြင်းဝမ်းမြောက်ခြင်းကို၊
ကိုယ်တော်အားငါပြောပြ၊ နှစ်သက်ခြင်းနှောင့်ယှက်ခြင်းများကို၊
ကိုယ်တော်အားငါပြောပြ၊ မည်သို့ပြသင့်ကြိုးစားသင့်ကြောင်း၊
ကိုယ်တော်ငါ့ကိုပြောစဉ်၊ ထိို့ကြောင့်အတူနေကြသည်၊
သခင်နှင့်ငါ။
4
ကယ်ရန်စိတ်ဝန်လေးသူကိုကျွန်ုပ်တောင့်တသိပါ၊
ကိုယ်တော်တွက်မေတ္တာစကားကို၊ သွား၍ြောရန်ခိုင်းရှာ၊
မေတ္တာတော်နှင့်သေခြင်းအကြောင်း၊
ပြောပြရန်မိန့်မူစဉ်၊ ထို့ကြောင့်အတူနေကြသည်၊
သခင်နှင့်ငါ။
