မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 171 ထိုရပ်တွင်ညဉ့်ကင်းရာကျူး
1
နေ့မမှိန်သောပြည်တော်မှာ၊ လေးထောင့်မြို့တော်တည်ရှိ၊
ဘယ်ခါမျှမကွယ်ပျောက်ရာ၊ ထိုရပ်တွင်ညဉ့်ကင်း၏။
2
ဘုရားရှင်မျက်ရည်သုတ်မည်၊ သေနာကြောက်ခြင်းများကင်းပါ၊
ချိန်ကိုနှစ်ဖြင့်မတွက်ပြီ၊ ထိုရပ်တွင်ညဉ့်ကင်းရာ။
3
တံခါးများပုလဲသာတည်း၊ ထိုလေးထောင့်မြို့တော်မှာ၊
လမ်းများလည်းရွှေစင်နှင့်ပြီး၊ ထိုရပ်တွင်ညဉ့်ကင်းရာ။
4
တံခါးများစဉ်မပိတ်ရာ၊ ထိုလေးထောင့်မြို့တော်မှာ၊
ကြည်လင်အသက်မြစ်စီးလာ၊ ထိုရပ်တွင်ညဉ့်ကင်းရာ။
5
နေရောင်ခြည်အလိုမရှိ၊ ထိုလေးထောင့်မြို့တော်မှာ၊
သိုးငယ်သည်ဆီမီးဖြစ်၏၊ ထိုရပ်တွင်ညဉ့်ကင်းရာ။
