Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 17 ကိုယ်တော်သာလျှင်ကြီးမြတ်တော်မူပေကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 17 ကိုယ်တော်သာလျှင်ကြီးမြတ်တော်မူပေကျူး

 

1
အို၊ ဖဘုရား၊ ကျွန်ုပ်မှာအံ့ဖွယ်ရာများ၊
အောက်မေ့စဉ်ခါ ကိုယ်တော်ဖန်ဆင်းလျက်ထား၊
နက္ခတ်တာရာ၊ မိုးကြိုးထစ်ချုန်းသံများပြင်၊
ခပ်သိမ်းမှုရာပြပြင်တော်မူအရှင်။

2
ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ကိုချီးမွမ်းချင်၊
ကိုယ်တော်သာလျှင်ကယ်တင်ပိုင်ရှင်၊
ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ကိုချီးမွမ်းစေ၊
ကိုယ်တော်သာလျှင်ကြီးမြတ်မူပေ။

3
တောအုံတောင်ကြား၊ ကျွန်ုပ်ခရီးသွားရာလမ်း၊
ကျေးငှက်များစွာသာယာမြည်တွန်ပျံသန်း၊
ကုန်းမြင့်တောင်ထိပ်၊ ဆိတ်ငြိမ်ရာရပ်မှမြင်နိုင်၊
မြက်ခင်းလွင်ပြင်လေညင်းတိုက်ခတ်ယိမ်းယိုင်။

4
ဘုရားရှင်မှာ၊ သားတော်ကိုပင်မညှာပေ၊
လူသတ္တဝါပေါင်းတွက်သက်သေခံပေ၊ ကပ်တိုင်ပေါ်ဝယ်၊
သွေးတော်ပင်သွန်းခြင်းခံရှာ၊ လူတို့ပြစ်များကိုယ်တော်ဆောင်ယူကြွသွား။

5
ကြွလာခြင်းကို၊ ကျွန်ုပ်တို့မျှော်လင့်တောင့်တ၊
နေ့ညမပြတ်ဒူးထောက်ဆုတောင်းနေအပ်၊
ယေရှုသခင်၊ တစ်ဖန်ဆင်းသက်ကြွလာပါ၊
ကောင်းကင်စံရာကျွန်ုပ်ကိုဆောင်ယူအပ်။

Exit mobile version