Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 167 မိုးပွင့်ထက်ဖြူသောသက်တော်ဖြင့်ဖုံးပါကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 167 မိုးပွင့်ထက်ဖြူသောသက်တော်ဖြင့်ဖုံးပါကျူး

 

1
အပြစ်နှင့်ကင်းသောယေရှုကိုကြည့်၊
ကျေးဇူးတော်ကိုငါ့ဥစ္စာမှတ်ပါ၊ နီမြန်းငါ့သက်တာပြစ်ဆင်းရဲပြည့်၊
မိုးပွင့်ထက်ဖြူသောသက်ဖြင့်ဖုံးပါ။

2
မိုးပွင့်ထက်ဖြူသောသက်တော်ဖြင့်ဖုံးပါ၊
အသက်တော်ပြည့်စုံကျွန်ုပ်သိမှာ၊
နီမြန်းငါ့သက်တာငါဆင်းရဲရှာ၊ မိုးပွင့်ထက်ဖြူသောသက်ဖြင့်ဖုံးပါ။

3
အပြစ်ဒဏ်ချက်များလွန်စွာနက်လေ၊ နီစွာစွန်းကျွန်ုပ်ဝိညာဉ်ကြောက်သည်၊
စီရင်သောတရားတော်နှင့်လွတ်စေ၊ ယေရှုနှင့်ဖုံးအုပ်ခြင်းလိုပါသည်။

4
သာယာလွတ်လပ်စွာခံစားလိုသည်၊ ဖြူသောဝတ်လုံကိုယေရှုကမ်းလှမ်း၊
ကိုယ့်ဝတ်စုတ်ပယ်သခင်လက်ခံပြီ၊ စင်ကြယ်အသက်တော်သာဝတ်ဆင်မြန်း။

5
သေတော်မူခြင်းဖြင့်မိတ်သဟာယ၊ ကိုယ်တော်အသက်ဖြင့်ဖြောင့်မတ်ခြင်းရ၊
ကျမ်းစာနားထောင်ခြင်းဖြင့်စင်ကြယ်ပေ၊
ကြွလာတော်မူလျှင်ချီးမြှောက်ခြင်းပေး။

Exit mobile version