မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 164 ဥပုတ်နေ့မမေ့နှင့်ကျူး
1
ဥပုသ်နေ့မမေ့နှင့်၊ ဘုရားကောင်းချီးချီးမြှင့်၊
နေ့တကာတွင်သာယာဆုံး၊ နေ့တို့တွင်အကောင်းဆုံး၊
အလုပ်မှနားရန်ရသည်၊ ဘုရားဝမ်းမြောက်ခြင်းပြ၊
ရောင်ခြည်တော်ဆင်းသက်နေသည်၊ ကောင်းကင်အလင်းတောက်ပ။
2
ကြွပါ၊ ကြွပါ၊ အစဉ်ကြွပါ၊ သန့်ရှင်းဥပုသ်နေ့၊
ကြွပါ၊ ကြွပါ၊ အစဉ်ကြွပါ၊ သန့်ရှင်းဥပုသ်နေ့။
3
ဥပုသ်နေ့သန့်ရှင်းစေ၊ ယနေ့ဝတ်ပြရချေ၊
ငါသည်အသက်လမ်းဖြစ်ပေ၊ တပည့်တို့အားမိန့်ပေ၊
လောကမှာနှိမ့်ချ၍သာ၊ နောက်တော်သို့လိုက်ကြလျှင်၊
ထာဝရစီးလျက်နေရှာ၊ သက်စမ်းရေရမည်ပင်။
4
သန့်ရှင်းဝမ်းမြောက်နေ့ပေ၊ ကောင်းမွန်စွာစောင့်ထိန်းစို့၊
သူငယ်တို့ချစ်ဆုံးမိတ်ဆွေ၊ ယေရှုကိုချီးမွမ်းဖို့၊
ချစ်ဖွယ်သိမ်မွေ့ကယ်တင်ရှင်၊ ကောင်းမြတ်ကြင်နာသနား၊
စိတ်တိုင်း၌ကိန်းအောင်းနေစဉ်၊ ကတိဖိုးထိုက်တကား။
