Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 162 အိုငြိမ်သက်ရွှင်လန်းရာနေ့ကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 162 အိုငြိမ်သက်ရွှင်လန်းရာနေ့ကျူး

 

1
အိုငြိမ်သက်ရွှင်လန်းရာနေ့၊ အိုပျော်မြူးအလင်းနေ့၊
အိုကြောင့်ကြဝမ်းနည်းကင်းနေ့၊ တင့်တယ်တောက်ပလှချေ၊
ယုတ်မြတ်သတ္တဝါပေါင်းတို့၊ ပလ္လင်တော်ရှေ့ဝပ်တွား၊
သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်းဆို၊
ထာဝရအရှင်အား။

2
ပတ်လည်မုန်တိုင်းကွယ်ကာလေ၊ လုံခြံဆိပ်ကိုယ်တော်တည်း၊
ပါရဒိမြစ်မှစီးပေ၊ ခြားထားသောဥယျာဉ်တည်း၊
ကိုယ်တော်စမ်းရေအေးဖြစ်ပါ၊ ခြောက်သွေ့ကန္တာရတွင်၊
ပိသဂါကိုယ်တော်မှသာ၊ ကတိတော်ပြည်ကြည့်ချင်။

3
အောက်မေ့ရန်ချိုသာသောနေ့၊ ချစ်ဖွယ်နေ့ဖြစ်လေရာ၊
ချစ်ခြင်းများတိုးတက်ရာနေ့၊ မြေမှကောင်းကင်သို့သာ၊
ကျေးဇူးသစ်များခံစားနေ၊ ဥပုသ်အနားနေ့တွင်၊
ကျန်သောနားနေရန်နေ့ပေ၊ ရှာမည်သန့်ရှင်းအိမ်တွင်။

Exit mobile version