Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 149 မှုဆောင်ပါ၊ ညဉ့်အချိန်ရောက်လာမည်ကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 149 မှုဆောင်ပါ၊ ညဉ့်အချိန်ရောက်လာမည်ကျူး

 

1
နံနက်ချိန်မှုဆောင်ရွက်ပါ၊ ညဉ့်အချိန်ရောက်လာမည်။
ဆီးနှင်းကောက်ချိန်မှုဆောင်ပါ၊ ပန်းလယ်မှုဆောင်မည်။
နေလင်းချိန်မှုဆောင်ရွက်ပါ၊ ရောင်ခြည်ထွန်းတောက်လျက်နေ။
လူ့ဆောင်ရွက်မှုပြီးသောခါ၊ ညဉ့်ချိန်ရောက်လာချေ။

2
မွန်းတည့်ချိန်၌မှုဆောင်ပါ၊ ညဉ့်အချိန်ရောက်လာမည်။
ရောင်ခြည်များချိန်မှုဆောင်ပါ၊ နားချိန်ရောက်လာမည်။
မိနစ်တိုင်းမှုဆောင်ခြင်းဖြင့်၊
အားထားရာသိုမှီးမည်။ လူ့ဆောင်ရွက်ဖို့ပြီးသည်နှင့်၊
ညဉ့်ချိန်ရောက်လာမည်။

3
နေဝင်ချိန်မှုဆောင်ရွက်ပါ၊ ညဉ့်အချိန်ရောက်လာမည်။
ရောင်ခြည်ရှိချိန်မှုဆောင်ပါ၊ ရောင်ခြည်လွင့်တတ်သည်။
နောက်ဆုံးရောင်ခြည်ထိမှုဆောင်၊ ရောင်ခြည်ကွယ်ပျောက်တတ်ပေ။
မှောင်ရိပ်ရောက်ရှိချိန်မှုဆောင်၊
လူမှုကုန်ဆုံးချေ။

Exit mobile version