မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 145 ရိတ်သူများဘယ်မှာကျူး
1
အပြစ်လယ်ပြင်မှကောက်လှိုင်းကောင်းများတွေ၊
စုသိမ်းရိတ်သူများဘယ်မှာရှိကြပေ၊
သမ္မာကျမ်းတံစဉ်နှင့်မှုတော်ဆောင်ရ၊
ကိုယ်တော်ရောက်အောင်မည်သူမျှမနားရ။
2
ရိတ်သူများဘယ်မှာ၊ သင်လာမည်လော၊ ကျီတွင်စုသိမ်းကာ၊
သင်ဘုန်းဝင်စားမည်လော၊ အပြစ်လယ်ပြင်မှ၊
ကောက်လှိုင်းကောင်းများ၊ ဘယ်မှာရှိကြ၊
စုသိမ်းရိတ်သူများ။
3
လယ်များတို့သည်နီးဝေးရပ်မှမှည့်နေ၊
လောကသည်စုသိမ်းချိန်ကိုဆိုင်းငံ့ပေ၊
သို့သော်ရိတ်ရန်များ၍ရိတ်သူနည်းပါး၊
ရိတ်ချိန်ကိုဆိုင်းလျှင်ပျက်စီးမည်အများ။
4
ထိုကြောင့်တံစဉ်များယူအချင်းလူများ၊
မှည့်သောစပါးကိုစု၍သိမ်းကြပါ၊ လယ်ရှင်ကိုယ်တော်လာသည့်တိုင်အောင်ကြိုးစား၊
ကိုယ်တော်နှင့်အတူဘုန်းဝင်စားကြရာ။
