မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ
ဓမ္မသီချင်း 143 ချစ်သိုးထိန်းသံကျွန်ုပ်ကြားရကျူး
1
ချစ်သိုးထိန်းသံကျွန်ုပ်ကြားရ၊ သွေ့ခြောက်သဲကန္တာရထဲမှ၊
လမ်းလွဲသွားသောသိုးများခေါ်လေ၊ သိုးခြံမှသူတို့ထွက်ပြေးနေ။
2
ဆောင်ခဲ့ပါ၊ ဆောင်ခဲ့ပါ၊ ဆောင်ခဲ့ပါအပြစ်လယ်မှလာ၊
ဆောင်ခဲ့ပါ၊ ဆောင်ခဲ့ပါ၊ လမ်းလွဲသူယေရှုထံခေါ်လာ။
3
ချစ်သိုးထိန်းရှင်နှင့်မည်သူသည်၊
ပျောက်သောသိုးကိုကူရှာကြမည်၊ ချမ်းအေးကင်းသောခြံတော်တွင်းကို၊
မည်သူတစ်ဖန်ပြန်၍ပို့လို။
4
တောတောင်ကန္တာရကြီးထဲမှ၊ ကြွေးကြော်ခေါ်သံကျွန်ုပ်ကြားရ၊
နားထောင်ယေရှုသင့်အားပြောနေ၊ ရပ်တိုင်းမှာငါ့သိုးများရှာချေ။
