Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 14 ချစ်တော်မူသည်ကိုကြည့်ရှုဆင်ခြင်လော့ကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 14 ချစ်တော်မူသည်ကိုကြည့်ရှုဆင်ခြင်လော့ကျူး

 

1
အပြစ်များသောကျွန်ုပ်တို့ပင်၊ သားတော်ခေါ်ခြင်းခံရလျှင်၊
ကိုယ်တော်မြတ်၏ချစ်မေတ္တာတော်၊ ဆင်ခြင်အောက်မေ့ကြလော့။

2
ဘုရားသခင်၏သားတော်၊ ခေါ်ဝေါ်ခြင်းအခွင့်ကို၊
ငါတို့သည်ရမည်အကြောင်းတည်း၊ ဘုရားသခင်ငါတို့ကိုချစ်မေတ္တာတော်၊
ကြည့်ရှုလော့။

3
သွန်းတော်မူသွေးတော်မြတ်ကြောင့်သာ၊
ကိုယ်တော်မြတ်နှင့်နီးလာ၊ ချစ်သားခေါ်သော်လက်ခံမူပြီ၊
ရင်ခွင်တော်၌လျောင်းမည်။

4
နောင်ဘုန်းတော်တွင်ဘယ်သို့ဖြစ်မည်၊
ယခုမထင်ရှားသေး။ ကိုယ်တော်မြတ်ထင်ရှားပေါ်ထွန်းသော်၊
သဏ္ဌာန်တော်နှင့်တူချေ။

5
ထိုသို့မျှော်လင့်သူမည်သည်ကား၊ ကိုယ်တော်ကဲ့သို့ဖြစ်ရာ၊
သေခြင်းကိုအောင်၊ ဘုန်းကြီးအရှင်၊
မျက်နှာတော်မြတ်ဖူးမြင်။

Exit mobile version