Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 132 ယေရှုရှင်ကယ်ချွတ်တင်ကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 132 ယေရှုရှင်ကယ်ချွတ်တင်ကျူး

 

1
ဝမ်းမြောက်သံကိုတို့ကြားရ၊ ယေရှုရှင်ကယ်ချွတ်တင်၊
ဝမ်းမြောက်ခြင်းကိုကြေညာကြ၊ ယေရှုရှင်ကယ်ချွတ်တင်၊
ထိုသတင်းကိုရပ်တိုင်းယူ၊ တောင်ပေါ်ကျော်ပင်လယ်ကူးစေ၊
ရှေ့သို့တိုးရန်မိန့်မှာမူ၊ ယေရှုရှင်ကယ်ချွတ်ပေ။

2
ပင်လယ်ကျော်လျက်သံလွှင့်ပါ၊ ယေရှုရှင်ကယ်ချွတ်တင်၊
နီးဝေးပြစ်ရှိသူပြောပါ၊ ယေရှုရှင်ကယ်ချွတ်တင်၊
ကျွန်းများတို့သီချင်းအေးကျူး၊ ပင်လယ်ပေါ်ပဲ့တင်ထပ်စေ၊
လောကတွင်ဝမ်းမြောက်ရွှင်မြူး၊ ယေရှုရှင်ကယ်ချွတ်ပေ။

3
စစ်ပွဲပေါ်မှာကြွေးကြော်ကြ၊ ယေရှုရှင်ကယ်ချွတ်တင်၊
သေခြင်းနှင့်သက်ထာဝရ၊ ယေရှုရှင်ကယ်ချွတ်တင်၊
ကရုဏာတောင့်တစဉ်ခါ၊ မှောင်တွင်းသို့ကျူးအေးသာယာ၊
သေခြင်းအောင်ကြောင်းကြွေးကြော်ပါ၊
ယေရှုရှင်ကယ်ချွတ်ပါ။

4
လေများတွင်ကျယ်စွာဟစ်ကြော်၊ ယေရှုရှင်ကယ်ချွတ်တင်၊
လူမျိုးပေါင်းခုဝမ်းမြောက်ပျော်၊
ယေရှုရှင်ကယ်ချွတ်တင်၊ ကယ်တင်ခြင်းဖိုးမဲ့ကြောင်းအော်၊
ချိုင့်နက်နှင့်တောင်ထိပ်များပေါ်၊
ငါတို့အောင်မြင်သီချင်းသည်၊ ယေရှုရှင်ကယ်ချွတ်သည်။

Exit mobile version