Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 117 ယေရှုတွက်သက်ရှင်ကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 117 ယေရှုတွက်သက်ရှင်ကျူး

 

1
ယေရှုတွက်သက်ရှင်၊ သစ္စာရှိသက်တာ၊
ဆောင်ရွက်သမျှတွင်၊ ကိုယ်တော်စိတ်ကြိုက်သာ၊
ဝမ်းမြောက်လွတ်လပ်စွာ၊ ကိုယ်တော်သစ္စာခံ၊
ကောင်းချီးရရှိရန်၊ ဤနည်းလမ်းအမှန်။

2
အိုယေရှုကယ်ချွတ်သခင်၊ ငါ့ကိုယ်ကိုအပ်နှံပြီ၊
ရန်ပြေမာန်ပြေဖြစ်စေရန်၊ ကိုယ်တော်သက်တော်စွန့်၏။
အခြားသခင်မရှိပြီ၊ နှလုံးကိုယ်တော်ပလ္လင်၊
ငါ၏သက်တာလမ်းကိုယ်တော်အပ်၊ အိုရှင်ခရစ်သခင်။

3
ယေရှုတွက်သက်ရှင်၊ သခင်သေခံမူ၊ ကရာနီတွင်ပြစ်လုံးစုံကိုခံယူ၊
ကိုယ်တော်မေတ္တာသည်၊ ခေါ်သံနားညောင်းစေ၊
နောက်တော်သို့လိုက်၍၊ ရှိသမျှအပ်ပေ။

4
ယေရှုတွက်သက်ရှင်၊ လောက၌ရှိစဉ်၊ ကိုယ်တော်ပြုံးရယ်ခြင်း၊
ငါချစ်ဘဏ္ဌာပင်၊ လမ်းလွဲသူများရွေးနုတ်ရန်သေခံပြီ၊
မောပန်းသူများကို၊ နားရာသို့ဆောင်၏။

Exit mobile version