Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 113 ကျွန်ုပ်အသက်လက်ခံပါကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 113 ကျွန်ုပ်အသက်လက်ခံပါကျူး

 

1
ကျွန်ုပ်အသက်လက်ခံပါ၊ ကိုယ်တော်ကိုပူဇော်ဆက်သ၊
ကိုယ်တော်ချစ်ခြင်းနှိုးဆော်ရာ၊
ကျွန်ုပ်လက်မှုဆောင်စေပါ၊ ကျွန်ုပ်လက်မှုဆောင်စေပါ။

2
ကိုယ်တော်ရှင်မြတ်အဖို့သာ၊ ကျွန်ုပ်ခြေလျင်မြန်စေပါ၊
ကျွန်ုပ်အသံလက်ခံပါ၊ ကိုယ်တော်ကိုချီးမွမ်းကျူးရာ၊
ကိုယ်တော်ကိုချီးမွမ်းကျူးရာ။

3
နှုတ်ကပတ်တော်မြတ်နှင့်သာ၊ ကျွန်ုပ်နှုတ်ကိုဖြည့်စေပါ၊
ကျွန်ုပ်ရွှေငွေရှိသမျှ၊ ကိုယ်တော်မြတ်လက်ခံမူပါ၊
ကိုယ်တော်မြတ်လက်ခံမူပါ။

4
ကျွန်ုပ်အလိုလက်ခံပါ၊ ကိုယ်တော်အလိုဖြစ်စေပါ၊
ကျွန်ုပ်စိတ်ကိုယ်တော်ပိုင်ပေ၊ ကိန်းဝပ်ရာပလ္လင်ဖြစ်စေ၊
ကိန်းဝပ်ရာပလ္လင်ဖြစ်စေ။

5
ကျွန်ုပ်ချစ်ခြင်းလက်ခံပါ၊ ခြေတော်ရင်းမှာချထားပါ၊
ကျွန်ုပ်ကိုယူတော်မူလျှင်၊ ကိုယ်တော်ဖို့ဖြစ်မည်အစဉ်၊
ကိုယ်တော်ဖို့ဖြစ်မည်အစဉ်။

Exit mobile version