Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 108 ကရာနီသို့ပို့လေကျူး

မြန်မာ သတ္တမနေ့ အက်ဗင်းတစ် ဓမ္မသီချင်းများ

ဓမ္မသီချင်း 108 ကရာနီသို့ပို့လေကျူး

 

1
သက်သခင်ကျွန်ုပ်ချီးမြှောက်မည်၊ ဘုန်းတော်နှင့်ပြည့်ပါစေ။
ဆူးဦးရစ်တော်ငါအောက်မေ့ပြီ၊ ကရာနီသို့ပို့လေ။

2
ဂေသရှေမန်ကိုမမေ့လို၊ ဝေဒနာများစဉ်မှတ်မိပေ၊
အမြဲအောက်မေ့မေတ္တာတော်ကို၊ ကရာနီသို့ပို့လေ။

3
သင်္ချိုင်းတော်ကျွန်ုပ်အားပြပါ၊
ညည်းတွားငိုကြွေးကြရာ။ ကောင်းကင်တမန်များစောင့်ရှောက်ရှာ၊
ကိုယ်တော်အိပ်နေစဉ်ခါ။

4
မာရိနည်းတူဝမ်းနည်းစွာဖြင့်၊ လက်ဆောင်လာဆက်ပါစေ။
ပွင့်သောသချုင်္င်းခုပို့ဆောင်လင့်၊
ကရာနီသို့ပို့လေ။

5
ကိုယ်တော်အတွက်ကပ်တိုင်ထမ်းရန်၊ နေ့စဉ်အလိုရှိပေ။
ဆင်းရဲဒုက္ခခွက်ဖလားမှန်၊ သောက်ဖို့အသင့်ရှိလေ။

Exit mobile version