မြန်မာဓမ္မသီချင်း
ဓမ္မသီချင်း 89 တိုင်တော်နားမှာကျူး သီချင်းစာသားများ
၁။ တိုင်တော်နားနေရာချထား၊ ကရာနီကုန်းပေါ်မှာ၊ ချမ်းသာပေး သက်စမ်းရေသည်၊ လူတိုင်းဖို့ စီးနေ၏။
ထပ်ဆို: တိုင်တော်တွင်၊ တိုင်တော်တွင်၊ ငါဝါကြွားရာဖြစ်စေ၊ ငါ၏ ဝိညာဉ် ငြိမ်သက်ခြင်း၊ ဝင်သည်တိုင်အောင်ဖြစ်စေ။
၂။ တိုင်တော်နား တုန်လှုပ်ရပ်နေ၊ ကရုဏာတော်တွေ့လေ၊ ထွန်းတောက်သော မိုးသောက်ကြယ်သည်၊ ငါပတ်လည် လင်းစေ၏။
၃။ သိုးသငယ်မြတ် တိုင်တော်နား၊ ငါသည်စဉ်ရှုမြင်ရာ၊ တိုင်တော်မြတ် အရိပ်အောက်မှာ၊ လျှောက်နိုင်အောင် ကယ်မပါ။
၄။ တိုင်တော်နား၊ ငါစောင့်နေမည်၊ အစဉ်မျှော်လင့် ယုံကြည်၊ မြစ်တစ်ဘက်ရှိသော ရွှေပြည်ရောက်သည် တိုင်အောင်စောင့်မည်။
