Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 84 တင့်တယ်လှ ယေရှုသခင်ကျူး သီချင်းစာသားများ

မြန်မာဓမ္မသီချင်း

ဓမ္မသီချင်း 84 တင့်တယ်လှ ယေရှုသခင်ကျူး သီချင်းစာသားများ

 

၁။ တင့်တယ်လှသခင်၊ ဝေနေသတ္တဝါအရှင်၊ ယေရှုသခင် ဘုရား သားတော်ရှင်၊ ကိုယ်တော်ကိုချစ်ပါမည်၊ ကိုယ်တော်ကို ယုံပါမည်၊ ကိုယ်တော်သာလျှင် မှီတွယ်ရာတည်း။
၂။ လှပပန်းမာန်များ၊ ချစ်ဖွယ်လှသော သူငယ်များ၊ လှပတင့်တယ်ချစ်ဖွယ်ကောင်းသော်လည်း၊ အသက်တာလွန်သောခါ၊ ဖြည်းညှင်းစွာ လမ်းဆုံးကြ၊ ကိုယ်တော်မူကား အစဉ်တည်ရာ။
၃။ ကောင်းကင်နှင့် မြေကြီး၊ လှပဆုံးသောအရာများ၊ ကိုယ်တော်၌သာ အံ့ဩဖွယ်တည်ရာ၊ ကိုယ်တော်ထက် နီးနိုင်ရာ၊ ကိုယ်တော်ထက် ချစ်နိုင်ရာ၊ ကျွန်ုပ်၌ အခြားမရှိပါ။
၄။ ယေရှုသည် ကောင်းဆုံးမိတ်ဆွေတည်း၊ ခြားမိတ်တွေမလိုပြီ၊ ကိုယ်တော်ကိုသာ ယုံကြည်အားကိုး၊ အသက်ဆုံးသည်တိုင်အောင်၊ ကောင်းဆုံးမိတ်ဆွေနှင့် စဉ်ပျော်နေ၊ ထိုအသက်တာ မဆုံးနိုင်လေ၊ထာဝရသက်၊ ဝမ်းမြောက်စဉ်ဆက် မိတ်ဆွေတည်း။

Exit mobile version