Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 72 အာဒံနှင့်သခင်ယေရှုကျူး သီချင်းစာသားများ

မြန်မာဓမ္မသီချင်း

ဓမ္မသီချင်း 72 အာဒံနှင့်သခင်ယေရှုကျူး သီချင်းစာသားများ

 

၁။ အာဒံအားဖြင့်လူတို့သည် သေဆုံးခြင်းသို့ရောက်ကြ၏၊ မျှော်မြင်ရန် မရှိစဉ်တွင်၊ သားတော်မြတ်၊ ကောင်းကင်ဘုံရှင်၊ သက်ရှင်လမ်းကို ဖွင့်ခြင်းငှါ၊ ကြွတော်မူယုံကြည်ကြပါ။
၂။ အာဒံကြောင့် အပြစ်တရား၊ လူတို့တွင် အဝင်အပါ ရှိသော်လည်း သခင်ယေရှုပြစ်တရားကို ဖယ်တော်မူ၊ ဖြောင့်မတ်ခြင်းတရားကို ပေးကျင့်ရအောင် ကြိုးစားကြလေ။
၃။ အာဒံအားဖြင့် လူတို့သည် မီးငရဲခံထိုက်ကြ၏၊ ကယ်ခြင်းငှါ သခင်ယေရှု ကောင်းကင်မှ ဆင်းသက်တော်မူ၊ မြတ်အသက်ကိုစွန့်ပါပြီ၊ ယုံသူတိုင်း ချမ်းသာရ၏။ (အာမင်)

Exit mobile version