Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 69 အိုမိတ်ဆွေကောင်းသည်ကား ယေရှုတည်းကျူး သီချင်းစာသားများ

မြန်မာဓမ္မသီချင်း

ဓမ္မသီချင်း 69 အိုမိတ်ဆွေကောင်းသည်ကား ယေရှုတည်းကျူး သီချင်းစာသားများ

 

၁။ လောကဆင်းရဲ ဖိစီးသောခါတွင် မိတ်ဆွေကောင်းတပါးကား ယေရှုရှင်၊ စိတ်ကြေကွဲသည်ကို ပြုပြင်ခွန်အား ကောင်းကြီးများပေးသွင်း၊ အိုမိတ်ဆွေ ကောင်းသည်ကား ယေရှုတည်း။
ထပ်ဆို : အိုမိတ်ဆွေကောင်းသည်ကား ယေရှုတည်း။ မိတ်ဆွေမြတ်သည်ကား ယေရှုတည်း၊ သင်သည်လဲသော် ထူမမည်၊ သင်သည် ခေါ်တော် နားညောင်းမည်၊ အိုမိတ်ဆွေကောင်းသည်ကား ယေရှုတည်း။
၂။ ယေရှု၌ မိတ်ဆွေကောင်း ငါတွေ့ပြီ၊ ငါ့ဝိညာဉ်ငြိမ်သက်သာယာစေ၏၊ ဘေးဉပဒ်ကို မကြောက်ပြီ၊ ကိုယ်တော်ခွန်အားကို မှီမည်၊ အိုမိတ်ဆွေကောင်းသည်ကား ယေရှုတည်း။
၃။ ဝမ်းနည်းဒုက္ခမှောင်တွင်း၌ ရောက်ရှိ လေပြင်းမုန်တိုင်းလှိုင်းပုတ်ခတ်သော်လည်း၊ ကယ်တင်ရှင်နီးလှပေ၏၊ ရွံ့ဆုတ်ခြင်းမရှိတော့ပြီ၊ အိုမိတ်ဆွေကောင်းသည်ကား ယေရှုတည်း။
၄။ သွားနှင့်သောချစ်သူတို့နှင့် ထိုမှာ နောက်ဆုံးအိမ်တော်၌ စုရုံးသောခါ၊ ထိုခါ၌ ကိုယ်တော်ကိုသာ အစဉ်ချီးမွမ်းလျက်သီကြ၊ အိုမိတ်ဆွေကောင်းသည်ကား ယေရှုတည်း။

Exit mobile version