မြန်မာဓမ္မသီချင်း
ဓမ္မသီချင်း 307 သာ၍မြတ်သော ကောင်းကင်ရွှေပြည်ကျူး သီချင်းစာသားများ
၁။ သာ၍မြတ်သော ကောင်းကင်ရွှေပြည် ရူပါရုံတွင် ငါမြင်မက်၏၊ ပြည်အလုံးသည် ထွန်းတောက် ရောင်ခြည်ဘုန်းတော်နှင့် ပြည့်နှက်လျက်ရှိ၏။
ထပ်ဆို : ချစ်ရွှေပြည်တော် ပျော်ရွှင်ဖွယ်လေ၊ ဘုန်းတော်ရောင်ခြည် ထွန်းတောက်ပလေ၊ သာယာကမ်းခြေ ငါတို့ဆိုက်ရောက်၊ နံနက်မိုးသောက် မှောင်မိုက်လွင့်ပျောက်။
၂။ သေခြင်းကင်းသော ထိုပြည်တော်တွင် ပြစ်စွန်းကွက်ခြင်း မှောင်ရိပ်နှင့်ကင်း၊ ခွဲခွာသူများ ပြန်ဆုံတွေ့ကြနောက်နောင် ဘယ်ခါမျှမခွဲရာ။
၃။ ငြိမ်သက်သာယာ ထိုပြည်တော်မှာ လေပြင်းတိုက်ခြင်းလျင်းမရှိရ၊ မြတ်ဘုရား၏ ရင်ခွင်တော်မှာ မောပန်းသူများ ငြိမ်းချမ်းသာကြ
