Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 241 ကိုယ်တော်၌ ဝမ်းမြောက်လော့ကျူး သီချင်းစာသားများ

မြန်မာဓမ္မသီချင်း

ဓမ္မသီချင်း 241 ကိုယ်တော်၌ ဝမ်းမြောက်လော့ကျူး သီချင်းစာသားများ

 

၁။ စိတ်နှလုံး ဖြောင့်မတ်သောသူတို့၊ ကိုယ်တော်မြတ်၌ ဝမ်းမြောက်ကြလေ၊ ကိုယ်တော်မြတ်ကို ယုံကြည်သူတို့၊ ဝမ်းနည်းပူပန်ခြင်း ပယ်ရှောင်ချေ။
ထပ်ဆို : ဝမ်းမြောက်၊ ဝမ်းမြောက် ကိုယ်တော်မြတ်၌ ဝမ်းမြောက်ကြလေ၊ ဝမ်းမြောက်၊ ဝမ်းမြောက် ကိုယ်တော်မြတ်၌ ဝမ်းမြောက်ကြလေ။
၂။ ဝမ်းမြောက်ကြလော့ ကိုယ်တော်မြတ်သည် မြေပေါ် ကောင်းကင်ထက် အုပ်စိုး၏၊ နှုတ်ကပတ်တော်မြတ်အားဖြင့်၊ သာအုပ်စိုးစီရင် ကယ်တင်မူလာ။
၃။ အမှန်ဖို့ရာ စစ်တိုက်သောခါ၊ မာရ်နတ်သည် အောင်မြင်လုသော်လည်း၊ ကိုယ်တော်မြတ်၏ စစ်ဗိုလ်ပါများ၊ ရန်သူတို့ထက်များ လှသတည်း။
၄။ နေ့ချိန်မှောင်မိုက် ဝိုင်းဝန်းသဖြင့်၊ ညချိန် မိုးတိမ်ဖုံး အုပ်သော်လည်း၊ သင့်ဝိညာဉ် ကြောက်ရွံ့ခြင်းနှင့်ကင်း၊ ဘေးရန်လွန်သည်တိုင်အောင်ယုံရမည်။
၅။ ကိုယ်တော်မြတ်၌ ဝမ်းမြောက်အေးကျူး၊ ချီးမွမ်းထောမနာ ပြုကြလေ၊ တူရိယာမျိုးမျိုးနှင့်အေးကူး၊ ဟာလေလုယသီချင်းဆိုချေ။

Exit mobile version