မြန်မာဓမ္မသီချင်း
ဓမ္မသီချင်း 2 နံနက်အာရုဏ်တက်ကျူး သီချင်းစာသားများ
1. နံနက်အာရုဏ်တက်သော်၊ စိတ်တွင် ရွှင်လန်းကြွေးကြော်၊ ယေရှုကို ချီးမွမ်းစေ၊ လုပ်ကိုင်ဆုတောင်းစဥ်ခါ၊ ထံတော်သာ ချဥ်းကပ်လာ၊ ယေရှုကို ချီးမွမ်းစေ။
2. ယေရှုကို ချီးမွမ်းစေ၊ စိတ်တွင်းမှ ကျူးအေးလျှင်၊ ညဥ့်သည် နေ့လိုလင်းပေ၊ ယေရှုကို ချီးမွမ်းစေ၊ ချိုသာသံကို ကြားလျှင်၊ မှောင်မိုက်တန်ခိုးလွင့်ပေ။
3. ယေရှုကို ချီးမွမ်းစေ၊ ကောင်းကင်ရွှေပြည်တွင်လေ၊ ဤသံသာဆုံဖြစ်ပေ၊ မိုးမြေပင်လယ်များသည် ထက်အောက်ပဲ့တင်ထပ်ပေ၊ ယေရှုကို ချီးမွမ်းစေ။
4. ယေရှုကို ချီးမွမ်းစေ၊ ဤထောမနာဆိုရာ၊ အသက်ရှင်နေစဥ်ခါ၊ ယေရှုကို ချီးမွမ်းစေ၊ ဤထာ၀ရသီချင်း၊ ဧကျူးကာလအစဥ်၊ အာမင်။
တန်ခိုးအနန္တရှင် မျက်မှောက်တော်၌ ပျပ်၀ပ်သူပေါင်း ကောင်းချီးပေးပါ။ အာမင်။
