Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 18 သင့်အတွက် ငါဆုတောင်းခြင်းကျူး သီချင်းစာသားများ

မြန်မာဓမ္မသီချင်း

ဓမ္မသီချင်း 18 သင့်အတွက် ငါဆုတောင်းခြင်းကျူး သီချင်းစာသားများ

 

၁။ ငါ့ကို ကယ်တင်ရှင်ရှိပေ ရှေ့ဆောင်လုပ်နေ လောက မိတ်ဆွေနည်းပါး ချစ်ဖွယ်ရှင်တကား ယခုကိုယ်တော် သိမ်မွေ့စွာ ငါ့ကို စောင့်ထိန်းပေ၊ ငါ့ကို ကယ်ချွတ်ရှင် သင့်ဖို့လည်း ဖြစ်စေပါ။
ထပ်ဆို : သင့်တွက် ငါဆုတောင်းနေ။ သင့်တွက် ငါဆုတောင်းနေသင့်တွက် ငါဆုတောင်းနေ၊ သင့်တွက် ငါတောင်းပေး။
၂။ ထာဝရ မျှော်လင့်ရန် မင်္ဂလာမှန်ကန်ပေးသော ငါ၏ အဘခမည်းတော်ရှိပေ မကြာမီ ခေါ်မူမည် ကိုယ်တော်မြတ်ကိုဖူးရန် ငါနှင့်တူသွားရန် သင့်ကို လမ်းပြပါစေ။
၃။ မြစ်လိုငြိမ်သာယာ ငြိမ်သက်ခြင်း ငါ၌ရှိ ထိုငြိမ်သက်ခြင်း လောကီစွဲသူလျှင်းမသိငါ့ကို ကယ်ချွတ်ရှင်သာ ပိုင်သောကြောင့်ပေးနိုင်၏ သင့်ကိုလည်း ပေးကြောင်း ငါလွန်ကြား သိလိုသည်။
၄။ ယေရှုရှင်သည် သင့်ကိုရှာ၍ တွေ့သောခါ၊ ချစ်ဖွယ်ရှင်သင့်ကို ကယ်တင်ကြောင်းပြောရမည် ကိုယ်တော်ဘုန်းလူတို့တွင် ထင်ရှားရန် ဆုတောင်းပါ သင့်တွက် ဆုတောင်းသော်ရလျှင် သင်လည်းရမည်။

Exit mobile version