မြန်မာဓမ္မသီချင်း
ဓမ္မသီချင်း 169 ရှိသမျှစွန့်ခြင်းကျူး သီချင်းစာသားများ
၁။ ကယ်တင်ပိုင်ရှင် အကျွန်ုပ်သည် ရှိသမျှစွန့်၍ လိုက်မည်၊ ကိုယ်တော်ရှင်သည် အကျွန်ုပ်၏ လမ်းပြ ကွယ်ကာရှင်ဖြစ်သည်။
ထပ်ဆို : ရှိသမျှစွန့်၍၊ လက်တော်သို့အပ်မည်၊ ရှိသမျှကို ကိုယ်တော်လက်သို့ ကျွန်ုပ်သည်အပ်မည်။
၂။ နောင်တရလျက် ဆုတောင်းခြင်းဖြင့်၊ ကိုယ်တော်ထံသို့ ချဉ်းကပ်လျှင်၊ ကျွန်ုပ်ဆုတောင်းခြင်းကို နားညောင်းသန့်ရှင်းဝိညာဉ်တော် သွန်းလောင်း။
၃။ ပြစ်များကို လုံးစုံဝန်ချပြီ၊ လောကီပျော်မွေ့ခြင်း စွန့်မည်၊ ဝိညာဉ်ဘုရား ကျွန်ုပ်စိတ်မှာဝင်၍ ကိန်းဝပ်တော်မူပါ။
၄။ ကျွန်ုပ်အသက်ဆုံးသည်တိုင်အောင် ကယ်တင်ခြင်းသီချင်းဆိုမည်၊ ကောင်းကင် ဆိပ်ကမ်းရောက်သည်တိုင်အောင် ဝမ်းမြောက်ဝါကြွားရာ ဖြစ်၏။
