မြန်မာဓမ္မသီချင်း
ဓမ္မသီချင်း 138 ကျွန်တော်ပင်ကျူး သီချင်းစာသားများ
၁။ ကျေးဇူးရှင် ဆုလာဘ်တော်များစွာ မိုးရွာစေ၊ သတင်းကြား၏၊ သွေ့ခြောက်မြေများစိမ်းလန်းစေရာ၊ ကျွန်တော်လည်း မိုးပေါက်ထိစေ၊ ကျွန်တော်ပင်၊ ကျွန်တော်ပင်၊ ကျွန်တော်လည်း မိုးပေါက်ထိစေ။
၂။ ဖဘုရား လွန်သွားမမူလင့်၊ ကျွန်တော်စိတ်ဆိုးညစ်လွန်း၍၊ ကိုယ်တော်ရှင်လွန်သွားသင့်သော်လည်း၊ ကျွန်တော်ကို သနားအောက်မေ့၊ ကျွန်တော်ပင်၊ ကျွန်တော်ပင်၊ ကျွန်တော်လည်း မိုးပေါက်ထိစေ။
၃။ ကယ်တင်ရှင် လွန်မပွားမူလင့်၊ ကျွန်တော်မှီတွယ်ပါရစေ၊ ကျေးဇူးတော်လွန်တောင့်တနေစဉ်၊ ခေါ်တော်မူရာပါပါစေ၊ ကျွန်တော်ပင်၊ ကျွန်တော်ပင်၊ ကျွန်တော်လည်း မိုးပေါက်ထိစေ။
၄။ ဝိညာဉ်တော် လွန်သွားမမူလင့်၊ မျက်စိကန်းကိုဖွင့်နိုင်၏၊ ယေရှုကုသိုလ် ဖော်ပြခြင်းဖြင့်၊ ကျွန်တော်၌ လင်းခြင်းသိစေ၊ ကျွန်တော်ပင်၊ ကျွန်တော်ပင်၊ ကျွန်တော်လည်း မိုးပေါက်ထိစေ။
၅။ ကြာမြင့်စွာ အပြစ်၌မွေ့လျော်၊ ကိုယ်တော်ကိုကရုမထား၊ လောကီပျော်ရာမွေ့လျော်နေသော၊ ပြစ်ကိုလွှတ်ကယ်တော်မူပါ၊ ကျွန်တော်ပင်၊ ကျွန်တော်ပင်၊ ကျွန်တော်လည်း မိုးပေါက်ထိစေ။
၆။ မေတ္တာတော်သန့်စင်၊ မပြောင်းလဲယေရှုသွေးတော်လွန်ထိုက်လှ၊ ကျေးဇူးတော် တန်ခိုးအတိုင်းမဲ့၊ ကျွန်တော်၌ထင်ရှားစေပါ၊ ကျွန်တော်ပင်၊ ကျွန်တော်ပင်၊ ကျွန်တော်လည်း မိုးပေါက်ထိစေ။
