Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 105 နားထောင် စောင်းတသောင်းနှင့် ကျူးသံ သီချင်းစာသားများ

မြန်မာဓမ္မသီချင်း

ဓမ္မသီချင်း 105 နားထောင် စောင်းတသောင်းနှင့် ကျူးသံ သီချင်းစာသားများ

 

၁။ နားထောင်စောင်း တသောင်းနှင့် ကျူးသံ၊ ချီးမွမ်းကြ အထက်ဘုံမှာ၊ ကောင်းကင်ဝမ်းမြောက် ယေရှုစိုးစံ၊ မေတ္တာရှင်သခင်ဘုရား၊ ကြည့်ကြ ပလ္လင်ပေါ်ထိုင်နေ၊ လောကိုအုပ်စိုးရလေ၊
ထပ်ဆို : ဟာလေလုယ၊ ဟာလေလုယ၊ ဟာလေလုယ၊ အာမင်။
၂။ အိုယေရှု ကိုယ်တော်၏ ဘုန်းရောင် ထက်ဘုံကို ထွန်းတောက်စေ၏၊ သက်ပိုင်ရှင်၊ သန့်ရှင်းသောသူပေါင်း ကိုယ်တော်လင်းစေ၊ အားပေးသည်၊ မေတ္တာတော်ကို အောက့်မေ့လျှင်၊ တုမဲ့မေတ္တာပေအရှင်။
၃။ စဉ်အမြဲ စိုးစံတော်မူပါ၊ ဘုန်းကြီးသောမဟာဘုရင်၊ ကိုယ်တော်ပိုင်ထိုက်တော်မူသူများ၊ မေတ္တာတော် မကွာအလျင်း၊ ကျေးဇူးတော်ခံစားရပြီ၊ မျက်နှာတော်ဖူးမြင်လိမ့်မည်။
၄။ လျင်မြန်စွာ ကြွလာတော်မူပါ၊ ရောက်စေမူ ဘုန်းတော်ပွင့်နေ၊ ကြောက်မက်ဖွယ် အသံတော်ကြားရာ၊ မိုးမြေလွင့်၍ သွားကြလေ၊ ဘုန်းကြီးတော်မူစေသတည်း၊ ရွှေစောင်းများနှင့် ကျူးအေးမည်။

Exit mobile version