Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 9 ၉ နေမဝင်မီဆုတောင်းခဏ်းကျူး။ သီချင်းစာသားများ

မြန်မာခရစ်စမတ် ဓမ္မသီချင်း

ဓမ္မသီချင်း 9 ၉ နေမဝင်မီဆုတောင်းခဏ်းကျူး။ သီချင်းစာသားများ

 

၁ နေရောင်မကွယ်မလွန်မီခင်၊
လောကရှုတ်ထွေးခြင်းမှ။
ခဏမျှသာအချိန်ယူခါ၊
ကိုယ်တော်ထံတိုးဝင်ချင်။

၂ နှစ်ကိုယ်တည်းသာတွေ့ကြုံနိုင်ရာ၊
ဆိတ်ငြိမ်သောဌာနတွင်။
နောင်တမျက်ရည်များစီးယိုကာ။
ဂတိတော်တောင်းလျှောက်ချင်။

၃ လွန်ပြီးကောင်းကြီးများရေတွက်ခါ။
ရှေ့၌လည်းထိုနည်းပင်။
စုံစမ်းနှောက်ယှက်တွေ့ကြုံရလျှင်၊
ခွန်အားသာတိုးစေပါ၊

၄ သာ၍မြတ်သော ကောင်းကင်ချမ်းသာ၊
ယုံခြင်းဖြင့်ရနိုင်ပါ။
လောကသက်တာကုန်ဆုံးခဲ့လျှင်း၊
ကူးမြောက်စေပါအရှင်။

 

Exit mobile version