မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 88 ၈၈ ကျေးဇူးတော်ကျူး။ သီချင်းစာသားများ
၁ မြတ်ကျေးဇူးရှင်၊ ယေရှုသခင်၊
ကယ်ချွတ်ခြင်းငှါကြွလာ၊
စိတ်ဝမ်းမြောက်ဘွယ်သံတော်မြတ်လျှင်
ဖြစ်လေ၏၊ သာအယာ။
၂ ကျွန်ုပ်တို့နားတွင်၊ ထိုအသံ
အလွန်သာချိုလျှက်ရှိ။
စိတ်ပူပန်ခြင်း၊ ခပ်သိမ်းမျိုးရန်၊
ဖျောက်နိုင်သောဆေးဖြစ်၏။
၃ အကျွန်ုပ်များအပေါင်းတို့လည်း၊
အပြစ်များအားဖြင့်လျှင်၊
ငါရဲမိုက်မှောင်တံခါးအနီး၊
အိပ်နေလျက်ပြစ်မမြင်။
၄ မြတ်ကျေးဇူးတော်ဖြင့်သာခုတွင်၊
ပြည်ကောင်းကင်ရောင်မြတ်လို၊
နေ့ရက်များကိုမြင်ရအောင်လျှင်၊
ထမြောက်ရကုန်သည်ကို။
၅ စိတ်ဝမ်းမြောက်ဘွယ်သောထိုအသံ၊
မြေကြီးပြင်လုံးနှံ့ကျော်၊
ပြည်ကောင်းကင်ဘုံသားတို့ကြော်ညံ။
ချီးမွမ်းကြ၊ ရွှင်အပျော်။
