Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 87 ၈၇ ကယ်တင်တော်ကျူး။ သီချင်းစာသားများ

မြန်မာခရစ်စမတ် ဓမ္မသီချင်း

ဓမ္မသီချင်း 87 ၈၇ ကယ်တင်တော်ကျူး။ သီချင်းစာသားများ

 

၁ မဟာမေတ္တာ၊ ကြင်နာချစ်ခင်၊
သေမင်းလက်တွင်ညှင်းဆဲခြင်းကို၊
ခံနေရသောလူများကိုပင်၊
ရွေးနုတ်ခြင်းကိုသီချင်းမြွက်ဆို။

၂ အိုကျေးဇူးရှင်သခင်ယေရှု၊
အပြစ်များသောကျွန်ုပ်တို့ကို၊
အသွေးတော်နှင့် ရွေးနုတ်တော်မူ။
ကျေးဇူးတော်ကိုချီးမွမ်းကြစို့။

၃ အာမင်၊ အာမင်၊ မှန်လှပေသည်။
ဧမာနွေလကျေးဇူးရှင်ကို၊
ကျွန်ုပ်တို့သည့်ချီးမွမ်းပါမည်။
ဟာလေလုယ၊ ဟာလေလုဆို။

၄ ယခုချီးမွမ်းကြလေကုန်သော၊
ကျွန်ုပ်တို့သည်ကိုယ်တော်မြတ်ကို၊
ယုံကြည်၊ ကြည်ညှိုနိုင်ပါစေသော၊
ကျေးဇူးပေါင်းကိုသီချင်းမြွက်ဆို။

 

Exit mobile version