Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 57 ၅၇ ဂုဏ်တော်ကျူး။ သီချင်းစာသားများ

မြန်မာခရစ်စမတ် ဓမ္မသီချင်း

ဓမ္မသီချင်း 57 ၅၇ ဂုဏ်တော်ကျူး။ သီချင်းစာသားများ

 

၁ ကမ္ဘာမိုဃ်းမြေရှိလေသမျှ၊
ပိုင်သအုပ်စိုးမြေမိုဃ်းသခင်၊
လောကုတ်ဘုရင်ဘုရားရှင်အား၊
ကျွန်တို့ရှိခိုးပါမည်၊ သခင်။

၂ နေ့တိုင်းအစဉ်ကျွန်ုပ်တို့သည်၊
ခံစားရသောကျေးဇူးများကို၊
ကျွန်ုပ်တို့ယခုချီးမွမ်းပါမည်။
ဂုဏ်တော်ပေါင်းကို ဟာလေလုဆို။

၃ ဘေးရန်အပေါင်း၊ မကောင်းရောဂါ၊
ကွယ်ကာစောင့်မသောကျေးဇူးကို၊
ကျွန်ုပ်တို့သည်ချီးမွမ်းထိုက်စွာ၊
အာမင်၊ အာမင်၊ သီချင်းမြွက်ဆို။

၄ သေးမင်းအရိပ်၊ မှောင်မိုက်ထဲတွင်၊
ရှိနေကြသောကျွန်ုပ်တို့ကို၊
လောကုတ္တရာစကြာနေမင်း၊
လင်းကျေးဇူးကိုချီးမွမ်းမြွက်ဆို။

၅ ကျွန်ုပ်ယခုပြုသောဝတ်များ၊
လက်ခံတော်မူခြင်းကျေးဇူးကို၊
နေ့တိုင်းအစဉ်ပေးတော်မူပါ၊
ကျေးဇူးတော်ကိုသီချင်းမြွက်ဆို။

 

Exit mobile version