Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 55 ၅၅ ဂုဏ်တော်ကျူး။ သီချင်းစာသားများ

မြန်မာခရစ်စမတ် ဓမ္မသီချင်း

ဓမ္မသီချင်း 55 ၅၅ ဂုဏ်တော်ကျူး။ သီချင်းစာသားများ

 

၁ အစမရှိအဆုံးမထင်၊
နိစ္စအမြဲပြောင်းလဲခြင်းကင်း၊
အလုံးစုံကိုဖန်ဆင်းဘုရား၊
ကိုယ်တော်မြတ်သာအစိုးပိုင်းရာ၊

၂ ကျွန်ုပ်တို့သည်အသက်ရှုခြင်း၊
လှုပ်ရှာ၊ ကြံစည်၊ လုပ်ကိုင်တတ်ခွင့်၊
ဖြစ်လေသမျှ၊ တတ်စွမ်းရှိရှိ၊
တန်ခိုးတော်အားဖြင့်သာဖြစ်၏။

၃ အစားအသောက်၊ အဆောင်အသုံး၊
ပေါက်ဘော်၊ ဆွေမျိုး၊ စံစားလုံးစုံ၊
သနားခြင်းကျေးဇူးတော်မြတ်ပေ၊
ကိုယ်တော်မြတ်သည်အဘမှန်လေ။

၄ အိုကောင်းကင်ဘုံနေသောအဘ၊
ကျွန်ုပ်တို့နှင့်လူမျိုးစစ၊
ကိုယ်တော်ကိုချစ်လေမြတ်စိမ့်ငှါ၊
တန်ခိုးတော်အားဖြင့်ပြုမူပါ။

 

Exit mobile version